2010年7月18日日曜日

အပြင်မထွက် နိုင်ခဲ့သော အာမေဋ္ဋိတ်သံ

တစ်ညလုံး အလုပ်လုပ်ထားတဲ့ ခန္ဒာကိုယ်ကလဲ မလှုပ်ချင်တော့ဘူး ... မအိပ်ရသေးတဲ့ မျက်လုံးအစုံကလဲ ကျိန်းစပ်နေပြီ ... အဆိုးဆုံးက ခန္ဒာကိုယ်ကို တချိန်လုံးထမ်းပိုးပြီး လုံးဝမနားရသေးတဲ့ ခြေထောက်တွေပဲ ... အခုလိုအချိန်မှာ ရလိုက်တဲ့ ရထားပေါ်က နေရာတစ်နေရာဟာ ကျနော်အတွက် အလွန်တန်ဘိုးကြီးလှပါတယ် ... ကျောင်းရောက်အောင် မိနစ် ၄၀ လိုသေးတယ် ... ကျနော် နာရီဝက်လောက်ကောင်းကောင်း အိပ်စက်လို့ရပြီ ... ကျေးဇူးကြီးလှပါပေတဲ့ နေရာလေးရယ် ...
အေးအေးဆေးဆေးနားမည်ဟု ကြံကာ အိပ်စက်ရန် အသင့်ဖြစ်နေသော ကျနော်ရဲ့ မျက်လုံးတစ်စုံ မမျှော်လင့်သော မြင်ကွင်းတခုကြောင့် အနဲငယ်ပွင့်ဟလာခဲ့တယ် ... အသက် ၁၈ နှစ်ခန့်အရွယ် ဂျပန်သမီးပျိုတစ်ယောက် မမျှော်လင့်ဘဲ ရထားပေါ်
တက်လာခဲ့တယ် ... သာမန်အနေအထားမဟုတ်ဘဲ ဒယိမ်းဒယိုင် သူမပုံစံကြောင့် ကျနော် နဲနဲအကဲခတ်ကြည့်မိတယ် ... သူမက
ကျနော်ရှေ့မှာ လာရပ်နေတာကိုး ... ဆံပင် စုတ်ဖွား နဲ့ မပွင့်သော မျက်လုံးအစုံ . လက်ကိုင်ကွင်းကို အားပြုထားရင်း ရပ်တည်နေ
တဲ့ သူမရဲ့ခန္ဒာကိုယ်က ငြိမ်သက်စွာ ပြေးလွှုားနေတဲ့ ရထားအတွင်း ယိမ်းထိုးနေပါတယ် ... သူမရဲ့ မျက်နှာကို အကဲခတ်ကြည့်ပြန်တော့ လှပလွန်းတဲ့ ရုပ်ရည်နှင့် မလိုက်ဖက်အောင် သူမပုံစံက ကွဲနေတယ် ... အရက် အလွန်အကျွံသောက်ထားလို့လား ... အဲလိုလဲ မဟုတ်ပြန်ဘူး ... မူးယစ်ဆေးဝါး တခုခုကို အလွန်အကျွံသုံးစွဲထားတယ်လို့ပဲ
ကောက်ချက်ချမိတယ် ... ဂျပန်လူငယ်တွေက အိုက်စ် ကို အရမ်းသုံးကြတာကိုး...
ဒါနဲ့ပဲ အမြင်မတော်တဲ့ မြင်ကွင်းတစ်ခုအတွက် ကျနော်ရဲ့ ခြေထောက်နဲ့ ခန္ဒာကိုယ်ကို ပြန်ခိုင်းဖို့ ကျနော်ဆုံးဖြတ်လိုက်မိတယ်...
ကျနော် နေရာဖယ်ပေးလိုက်တယ်ပေါ့ဗျာ ... မျက်ဝန်းရှေ့က ကောင်မလေးကို ကြည့်ရင်း ကျနော်တွေးနေမိခဲ့တယ် ...
သူဆင်းမယ့် ဘူတာလဲ မမေးလိုက်မိဘူး ... ကြည့်လိုက်တော့လဲ မမချောက အရမ်းကျိုးနေပြီ ... မြို့ပတ်ရထားဆို ကိစ္စမရှိဘူး
အခုက နယ်ဘက်ကို သွားနေတဲ့ရထားလေ ... ကျနော် သူမအတွက်တွေးရင်း ပူပန်ပေးနေမိတယ် ... ဘူတာတစ်ခုမှာ ရထားဆိုက်တဲ့ အချိန်မှာတော့ ကျနော် မမျှော်လင့်သော အဖြစ်အပျက်တစ်ခု လျှင်မြန်စွာဖြစ်ပွားခဲ့တယ် ... တခြားတော့့မဟုတ်ပါဘူး ... ကျနော်စိတ်ပူနေသော ကောင်မလေး ရထားပေါ်က ပြေးဆင်းသွားတယ်လေ ... ဂေါက်ပြီးပြေးသွားတယ်လို့ မထင်လိုက်ပါနဲ့ ... သူမဆင်းရမယ့် ဘူတာသေချာတဲ့ ပုံစံပါ ... ကျနော် အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့တယ် ... ဟာ ဆိုတဲ့ အာမေဋ္ဋိတ် အသံတောင် အပြင်သို့မထွက်နိုင်အောင် အံ့သြ မင်သက်ကျန်နေခဲ့ပါတော့တယ် .....

2010年7月16日金曜日

ကျုပ်တို့ခေါတ်

မောင်းး ဘာတွေလုပ်နေလဲ
မးး shopping ထွက်နေတယ်
မောင်းး ကျနော်လိုက်ခဲ့မယ်လေ
မးး သဘောပဲလေ ( www .... )
မောင်းး အခု ဘယ်နားရောက်နေလဲ
မးး အ၀တ်အထည်တန်း ၂၄ မှာ
မောင်းး ကြိုက်တာတွေ့ပြီလား
မးး ဟင့်အင်း . အခုမှ ကြည့်နေတုန်း
မောင်းး ဒါလေး မကြိုက်ဘူးလား . ( www ... )
မးး အင်း မဆိုးဘူးပဲ
မောင်းး ကျနော်ရှင်းပေးလိုက်မယ်လေ အမှတ်တရပေါ့
မးး ရပါတယ် အားနာစရာကြီး . ကိုယ့်ဘာသာရှင်းလိုက်ပါမယ်
တခြား အကြောင်းအရာတော့ မဟုတ်ပါဘူး .. အွန်လိုင်းမှာ ဈေးဝယ်ထွက်နေတဲ့ မကို
အဖော်လိုက်ပေးတဲ့ မောင် ရဲ့ အကြောင်းလေးပါ

2010年7月15日木曜日

ငါနော် ....... ........ ( ဒါလဲ မလွတ်ပါလား )

ဖိုးလုံး . မွှေးမွှေး နဲ့ သင်းသင်း တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့ ... ဖိုးလုံးဟာ အစအနောက် အရမ်းသန်တယ်...
လူတဘက်သားကို မခံချင်အောင် မနာ နာအောင် ပြောတတ်တယ် ... သူ့ရဲ့ဒဏ်ကို မွှေးမွှေး နဲ့ သင်းသင်း တို့က အများဆုံးခံရတာပေါ့ ... သူငယ်ချင်းတွေလဲ ဖြစ်ပြန် .. တဘက်သားကို ကူညီတတ်တဲ့ အကျင့်လေးကြောင့် သာ သည်းခံနိုင်တာ ... အမြဲတမ်း သူများမခံချင်အောင်ပြောတဲ့ ဖိုးလုံး တစ်ယောက်ကတော့ သူလုပ်ချင်တာလုပ်ပြီး သူများမခံချိမခံသာ
ဖြစ်လေ သူ့လုပ်ဆောင်ချက် အောင်မြင်တယ်လို့ ထင်နေတတ်တယ် ...
တစ်နေ့တော့ သင်းသင်း နဲ့ မွှေးမွှေး တို့ တိုင်ပင်လိုက်ကြတယ် ... ဖိုးလုံး ပြောလာဆိုလာ၇င် ဂရုမစိုက်ဖို့ပေါ့ ...
ဒီလိုနဲ့ ထုံးစံအတိုင်း ဖိုးလုံး စလာတဲ့ အခါမှာတော့ ဥပေက္ခာတရား လက်ကိုင်ထားလို့ နှစ်ယောက်သား ဂရုမစိုက် မသိယောင်ဆောင်လိုက်ကြတယ် ... သူ စတာနောက်တာတွေကို ဂရုမစိုက်တော့ ဖိုးလုံးတစ်ယောက် ဒေါသဖြစ်ရတော့တာပေါ့...
ဒေါသဖြစ်ပြီး ပြောလိုက်တဲ့ ဖိုးလုံးစကားကိုလဲ နားထောင်ကြည့်ပါဦး ဘော်ဒါတို့ရေ ” မင်းတို့ နှစ်ယောက်ကလဲ မခံချင်တဲ့စိတ်ကို မရှိဘူး ” သူပြောတဲ့လေသံက မခံချင်စိတ်မရှိ ... ဆန့်ကျင်ဘက် ..............စိတ်ပဲရှိတယ်
ထို စကားကို ကြားလိုက်ရတဲ့ သင်းသင်း နဲ့ မွှေးမွှေး တို့ကတော့ ငါနော် .............

ဂိုးးးးးးးးးးးးးးးးးးးးးး

အခုလို ၄ နှစ်မှာ တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ရောက်လာတော့ မြန်မာပြည် နဲ့ သူငယ်ချင်းတွေ
ကို ပိုလွမ်းမိတယ် ... မြန်မာပြည်မှာ အေးအေးဆေးဆေး ဘောလုံးပွဲကြည့်ခဲ့တဲ့အချိန်တွေ ဂျပန်အသင်း အားပေးမယ်ဆိုပြီး ဂျပန်
ဘောလုံးပွဲရှိတဲ့နေ့ ဆရာကို အတန်းဖျက်ခိုင်းတာတွေ ပြန်မြင်ယောင်မိသေးတယ် ...
ယခု ၂၀၁၀ မှာတော့ အခြေအနေတွေက အရင်လို မဟုတ်တော့ဘူး ... အလုပ်ချိန် နဲ့ တိုက်နေတဲ့ဘောလုံးပွဲကိုပဲ
စိတ်နာရမှာလား .. အေးအေးဆေးဆေး မနေရဘဲ ရုန်းကန်နေရတဲ့ ဘ၀ကိုပဲ စိတ်နာရမလား .. ဘာကို နာလို့နာရမှန်းမသိတော့
ဘူး ... အလုပ်ထဲမှာ ဘောလုံးဝါသနာ အပါဆုံးဆိုတဲ့ ဘယ်သူမှမချီးမြင့်တဲ့ဘွဲ့ကြီးကို လက်ကိုင်ထားပြီး ဆိုင်ပါးတဲ့နေ့တွေ အစောပြန်ခဲ့တာလဲ မနဲတော့ဘူး ... ဒီနေ့တော့ သောကြာနေ့ ( ဂျပန်ပြည်မှာ လူတွေ အရက်သောက်ဖို့ သတ်မှတ်ထားတဲ့နေ့ ) ဆိုလဲ မမှားပါဘူး ... တပတ်တာရဲ့ ပင်ပန်းမှူတွေကို ယမကာနဲ့ဆေးကြောတဲ့နေ့ပေါ့လေ ... သောကြာနေ့ ... သောကြာနေ့
.... ( အေးသာယာဂျီတီအိုင်ကျောင်းသားတွေဆို သောက်ကြနေ့ လို့တောင်ခေါ်ရတဲ့နေ့ )
အလုပ်တွေ အရမ်းများတဲ့ သောကြာနေ့မှာ ဘောလုံးပွဲ မကြည့်ဘဲမနေနိုင်တဲ့ကျနော် .. တစ်ကိုယ်တည်းမြင်နိုင်တဲ့ နေရာလေးမှာ လက်ကိုင်ဖုန်းကို ထားလို့ အလုပ်လုပ်ရင်း ကြည့်နေခဲ့မိတယ် ... ထိုသို့ကြည့်နေရင်း ကျွန်တော်အမှတ်မထင် အော်လိုက်မိတာက အား ( ဟိုက်တာ့... ) ( 入った 。。。)  ကျနော် အနီးတွင်ရှိတဲ့ ကျနော်ရဲ့စီနီယာက ( ဟိုက် ခရှိကိုမားရိမတ်ချတ ) ( はい、 かしこまりました ) လို့ပြောပြီး မီးဖိုထဲဝင်သွားတယ် ... ကျနော် တားချိန်မရလိုက်ဘူး ...
ကျနော် ဆိုလိုတဲ့ ( ဟိုက်တာ့ ) ဆိုတာက ဂျပန်အဓိပ္ပါယ် ဂိုးဝင်သွားပြီ လို့ဆိုလိုတာပါ ... ပုံမှန်ထက်အသံနဲနဲပိုရှည်သွားတဲ့ အနေအထားမှာ ကျနော်စီနီယာက ( ဟိုက်တာ ) သန့်ရှင်းရေးလုပ်ရာတွင်သုံးတဲ့ ပိုးသတ်ဆေးရည်လို့ ထင်သွားတာပါ ... အဲဒါကြောင့် သူကို ဟိုက်တာ ယူခိုင်းတယ် အထင်နဲ့ ဟုတ်ကဲ့ ကောင်းပါပြီဆိုပြီး မီးဖိုထဲဝင်သွားတာပါ ... သူပြန်ထွက်လာရင် ကျနော် ဘာပြန်ပြောရတော့မှာလဲ ဘော်ဒါတို့ရေ ...

2010年7月14日水曜日

ဘာကြောင့်လိုနေတာလဲ

ဂျပန်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုင်ငံတစ်ခု အဖြစ်ရပ်တည်လျှက်ရှိပါတယ် ... နိုင်ငံလုံခြုံရေးကို အမေရိကန်က တာဝန်ယူပေးထားပြီး ကိုယ်ပိုင်တပ်မတော် ထားရှိခြင်း မရှိဘဲရပ်တည်လျှက်ရှိပါတယ် ... အခုထက်ထိ ဖြေရှင်းလို့ မရနိုင်တဲ့ ပြသ၁နာတွေထဲမှာ အခွန်ပြသ၁နာနဲ့ အိုခီနာဝါ ရှိ အမေရိကန် စစ်အခြေစိုက်စခန်း ကိစ္စဟာ ထိပ်ဆုံးမှ ရပ်တည်နေပါတယ် ...
အိုခီနာဝါမှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို ဖယ်ရှားမယ်လို့ အာမခံပြီး ရာထူးရယူခဲ့ ၀န်ကြီးချုပ် ဟတိုးယာမ ဟာ တကယ်တန်းမစွမ်းဆောင်နိုင်လို့ နှုတ်ထွက်လိုက်ရတဲ့ အထိပါပဲ ... ဘာကြောင့်လဲ
တရုတ်ကျောင်းသားးးး ကမ္ဘာအနှံ့မှာ အမေရိကန်စစ်စခန်းတွေဟာ မလိုအပ်ဘဲ ဘာကြောင့်များနေတာလဲ
ဂျပန်ဆရာမးးး ဒီလောက်ကျယ်ဝန်းလှတဲ့ တရုတ်နိုင်ငံထဲက တရုတ်လူမျိုးတွေ ဘာကြောင့် ကမ္ဘာအနှံမှာ များပြားနေရတာလဲ

ဟဲ့ ဘူတ ... ဘူတ

တိုကျိုမြို့ကြီးကို ကြည့်လိုက်ပါ ... များပြားလှတဲ့ လူတွေ ... ၂ မိနစ် တစ်စီးဆိုက်ရောက်နေတဲ့ မြို့ပတ်ရထားကြီးဟာလည်း လူပေါင်း ၂၀၀၀ လောက်ကို တင်ဆောင်လို့ အလုအယက်ပြေးလွှားနေလေရဲ့ ... မော်ဒယ်ဂဲလ် လို လှပနေတဲ့ လှပျိုဖြူလေးတွေလဲ
အိုလံပစ် ပြိုင်ပွဲ ၀င်နေသည့်အလား ပြေးလွှားနေတယ် ...
ဒီနေ့ ကျောင်းတုန်းက သူငယ်ချင်း ( အဲ အခုတော့ ဆရာမပေါ့ဗျာ ... ကျောင်းတော်ကြီးမှာ ) ပညာတော်သင်ရောက်လာတဲ့
သူငယ်ချင်းကို ခေါ်ဆောင်လို့ ကျနော်တို့ သူငယ်ချင်းတွေ လျောက်လည်ဖြစ်ကြတယ် ... ခွဲခွာတာကြာပြီဖြစ်နေပေမယ့် မပြောင်းလဲ
တဲ့ ခေါ်ဝေါ်မှူ . ပွင့်လင်းတဲ့ ပြောဆိုမှူတွေက သူငယ်ချင်းတွေအကြား ကျောင်းတုန်းကအလား နွေးထွေးနေဆဲပါ ...
နေ့တိုင်း တောင်ကြီးတန်ဆောင်တိုင်ဖြစ်နေတဲ့ တိုကျိုမြို့ဟာ ကျနော်တို့ အတွက် အသားကျနေပေမယ့် အခုရောက်လာတဲ့ သူငယ်ချင်းအတွက်တော့ မြင်သမျှ စိတ်လှုပ်ရှားစရာတွေပဲလေ ...မပြေးရုံတမယ် လှုပ်ရှားနေတဲ့ ခြေလှမ်းတွေလဲ အတူတူပေါ့
ဒီလိုနဲ့ လူစည်ကားတဲ့ ဘူတာတစ်ခုမှာ ကျနော်တို့ ဆင်းလိုက်ကြတယ် ...
( ဟဲ့ ဘူတ.... ဘူတ ... ငါ့ကိုစောင့်ဦးလေ ) ပြောလိုက်တဲ့ သူငယ်ချင်းရဲ့ စကားတစ်ခွန်း
လှုပ်ရှားနေတဲ့ လူတွေကြား မီးကို ရေနိုင်သွားသလို ၃ စက္ကန့်လောက် ငြိမ်သက်သွားတယ် ... လူတွေအားလုံး အလန့်တကြား
ဘေးဘီဘင်ကို ကြည့်လို့ ခဏတာမျှငြိမ်သက်သွားကြတယ် ... အံ့သြတဲ့ မျက်နှာနဲ့ ရှာဖွေနေတဲ့ မျက်လုံးပေါင်းများစွာကောပေါ့
... ဘာမှတော့ မဟုတ်ပါဘူး .. ကျောင်းတုန်းက သူငယ်ချင်းတွေအကြားခေါ်ဝေါ်ခဲ့တဲ့ နံမည်လေးပါ
ဝတဲ့လူကို ဘူတ တဲ့ .. စကားများတဲ့ လူကို ချာဘဲရိ တဲ့ ...
အခုလဲ ဘူတ ဆိုတာက ဂျပန်လို ” ၀က် ” တဲ့ဗျာ

ကျောင်းတုန်းက ဆရာမ

အမြဲတမ်း ကျောင်းနောက်ကျတဲ့ ကျနော်တို့ အဖွဲ့ကို ဆရာတွေအားလုံးက ဘေးမဲ့ ပေးထားကြတယ် ... ကျောင်းတော်ကြီး နဲ့ အတူ မွေးဖွားလာတဲ့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ မှာ အားကျစရာ စီနီယာဆိုတာလဲ ကျနော်တို့ပဲလေ ... အခုလဲ ထုံးစံအတိုင်း ယူနီစန် အပြန်ခရီး ကျောင်းတော်ကြီး ဆီကို ကျနော်တို့ အဖွဲ့ ချီတက်လာကြတယ် ... အတန်းစတာ ၁၀ မိနစ်လောက် အကြာမှာ အခန်းဝကိုရောက်ခဲ့ကြတာပေါ့ ...
ဝင်ခွင့်ပြုပါ ဆရာမ .... ဆရာမ က ခွင့်ပေးလိုက်တယ် ... ဒါပေမယ့် နောက်ကျတဲ့ ကျနော်တို့ကို သိပ်မကြည်ဘူးပေါ့ဗျာ ... ဒါနဲ့ ပြောရဦးမယ် အခု သင်တဲ့ ဆရာမက အသစ်ဗျ ... ဒီနေ့မှ ဒီအတန်းကို စ၀င်တာ ...ကျနော်တို့ကတော့ ဒုတိယနှစ် ( အတန်းအကြီးဆုံး) ကျောင်းသားကြီးတွေပေါ့ဗျာ ...
ဆရာမက သူမရဲ့ မကြည်လင်မှူတွေကို ကြာကြာမထိန်းချုပ်ပဲ ဖောက်ထွက်လိုက်တယ် ... မင်းတို့ ဘာလို့ ကျောင်းနောက်ကျတာလဲ .... မင်းတို့ နေတဲ့ အဆောင်တွေက ကျောင်းနဲ့ လမ်းလျောက်ရင်တောင် ၁၀ မိနစ်ကြာတာမဟုတ်ဘူး ..... တကယ်လဲ ဟုတ်ပါတယ် ကျောင်းဆောင်မပေးတော့ပေမယ့် မန္တလေး တက္ကသိုလ်
တ၀ိုက်မှာပဲ ကျောင်းသားတွေ နေနေကြတာ ဆရာ . ဆရာမတွေ သိနေတာကိုး ... ... ....
ဆရာမက ဆက်ပြောတယ် ... ဆရာမဆို စစ်ကိုင်းကနေတောင် လာရတာ ... အတန်းအချိန်မှီအောင် မနေ့ညက အစ မနက်အဆုံး သူမရဲ့ ပြင်ဆင်ခဲ့ပုံတွေနဲ့ ခိုင်းနှိုင်းပြောတာပေါ့ ... ... ....
တချိန်လုံး ငြိမ်နေခဲ့ရတဲ့ ကျနော်တို့ ဆရာမရဲ့ စကားအဆုံးမှာတော့ မေးခွန်းထုတ်ခဲ့မိတယ်
ဆရာမ စစ်ကိုင်း ကနေ ဘာနဲ့လာတာလဲ .... လမ်းလျောက်လာတာ မဟုတ်ဘူးလား
စစ်ကိုင်းကနေ ကားနဲ့လာတာပေါ့ .... ကားဆိုတော့ လမ်းလျောက်တာထက်မြန်တာပေါ့နော်
ကျနော်တို့က လမ်းလျောက်လာတာလေ ....
မထင်မှတ်တဲ့ ကျနော်တို့ စကားတခွန်းကြောင့် ကျောင်းသားများ အားလုံးရယ်ဖြစ်ကြသလို ... ပထမဆုံးနေ့ အတန်းစ၀င်တဲ့ ဆရာမလေးလဲ လိုက်လို့ရယ်ဖြစ်တယ်
ဘာပဲ ပြောပြော ............... ကျနော်တို့ကို နားလည်ပေးတဲ့ ချစ်စရာကောင်းတဲ့ ကျောင်းတုန်းက ကျနော်တို့ရဲ့ ဆရာမပါ

2010年7月13日火曜日

သခင်ကြီး ကျား.....ကျား .......... ကျား...............အားးးးးးးးးးးးးးး

သခင်ကြီး ကျား..... ကျား....... ကျားးးးးးးးးးး
တခါတုန်းက အင်္ဂလိပ်အရေးပိုင်ကြီးတစ်ဦး ရဲ့ အိမ်မှာ အလုပ်လုပ်ကြတဲ့ မောင်သာခွေး နဲ့ မတင်လှ ဆိုတဲ့ မြန်မာ လင်မယား ၂ ယောက်ရှိသတဲ့ ... မောင်သာခွေး ကတော့ အိမ်တော်မှူးပေါ့ အိမ်လုံခြုံရေးက အစ သန့်ရှင်းရေးအဆုံး တာဝန်ယူရတဲ့ အိမ်တော်မှူးပေါ့ ... မတင်လှ ကတော့ စားတော်ကဲကြီးပေါ့ ... မတင်လှဟာ အင်မတန် ချောမောလှပတဲ့ မြန်မာအမျိုးသမီးလေး တစ်ဦးပါ
တစ်နေ့ အရေးပိုင်သခင်ကြီးက အမဲလိုက်သွားတော့ မောင်သာခွေး တို့ လင်မယားကိုပါ ခေါ်သွားသတဲ့...
ရွာနဲ့ အနဲငယ်ဝေးတဲ့ တောစပ်လေးမှာ စခန်းချပြီး အမဲလိုက်တယ်ပေါ့ဗျာ ... ညနေဘက်ရောက်တော့ သခင်ကြီးက မောင်သာခွေး ကို အမျိုးသမီး ရှာခိုင်းတော့ မောင်သာခွေး လဲ ရှာပေးရတာပေါ့ ... ဒါပေမယ့် သခင်ကြီးက ဘာမှ မလုပ်ဘဲ စကားပြောပြီး ငွေအသပြာပေးကာ ပြန်လွှတ်ရှာသတဲ့ ... အဲလိုနဲ့ နေ့တိုင်း မောင်သာခွေးလေးလဲ သခင်သဘောကျ ရှာပေးရတာပေါ့ .... ဒီလိုနဲ့ တစ်နေ့မှာ မောင်သာခွေး က ရွာမှာ သွားမရှာတော့ဘဲ မတင်လှ နဲ့ တိုင်ပင်သတဲ့ ... စကားပြောရုံ နြဲ့ ငွေအမြောက်အများ ရမယ့် အခွင့်အရေးလေ ...
ဒီလိုနဲ့ပဲ ညဘက်ရောက်တော့ မောင်သာခွေးက မတင်လှကို သခင်ကြီးဆီ သွားစေတာပေါ့ ... အမြဲတမ်း ဥပုသ်စောင့်ခဲ့တဲ့ သခင်ကြီးဟာ အဲနေ့မှာတော့ မစောင့်နိုင်တော့ဘူးပေါ့ဗျာ ... မောင်သာခွေးလေးလဲ ဆောက်တည်ရာ မရ ဘာလုပ်ရမည်မသိ အော်တော့တာပေါ့ သခင်ကြီး ကျား.....ကျား..... ကျား.....ကျား......
ဒါပေမယ့် သခင်ကြီးကတော့ မကြားနိုင်တော့ဘူးတဲ့ဗျာ ........................ ဒန် တန့် တန်.....
ကျနော် မိတ်ဆွေများ အားလုံး ဖြည့်စွက်တွေးတော့ ခံစား ဆင်ခြင်နိုင်ကြပါစေဗျာ .......
သင့် တစ်နေ့တာကို ပူပင်သောကတွေနဲ့ အလောတကြီး ကုန်ဆုံးစေမယ်ဆိုရင်တော့ ချစ်သူ ခင်သူ မြတ်နိုးသူ ကပေးအပ်လာတဲ့ လက်ဆောင်အထုပ်ကလေးကို ဖွင့်မကြည့်ဘဲ အဝေးကို လွင့်ပစ်လိုက်သလို ဖြစ်ပါလိမ့်မယ်
တစ်ယောက်တည်းနေရတာပျော်စရာ

တစ်ယောက်တည်း နေခွင့်ရသော အချိန်သည် သင် နေ့စဉ်တွေ့ကြုံနေရသော
ရှုပ်ထွေးပွေလီလှသည့်ဘ၀ကို ရင်ဆိုင်နိုင်ရန် အတွက် လိုအပ်သည့် အချိန်ဖြစ်သည်၊၊
တစ်ယောက်တည်း နေရသောအချိန်ကလေးကို စိတ်ချမ်းမြေ့စွာ အသုံးချပါ၊၊

2010年7月12日月曜日

အလှကမ္ဘာမှာ နေကြည့်ပါ

သင်၏ တစ်နေ့တာ အပြေးအလွှားပြုလုပ်နေရသော အချိန်ဇယားကို မီးခလုတ်ပိတ်သကဲ့သို့
ခဏပိတ်ထားပြီး အေးချမ်းတိတ်ဆိတ်သော နေရာလေးကို ရှာပါ



SLOW DANCE

Have you ever watched kids on a merry-go-round?
Or listened to the rain slapping on the ground?
Ever followed a butterfly's erratic flight?
Or gazed at the sun into the fading night?
You better slow down.
Don't dance so fast.
Time is short.
The music won't last.

Do you run through each day on the fly?
When you ask "how are you"?
Do you hear the reply?
When the day is done
Do you lie in your bed.
With the next hundred chores
Running through your head?
You'd better slow done
Don't dance so fast.
Time is short.
The music won't last.

Ever told your child, we'll do it tomorrow?
And in your haste, not see his sorrow?
Ever lost touch,
Let a good friendship die
Cause you never had time, to call and say "Hi"?
You'd better slow down.
Don't better slow down.
Don't dance so fast.
Time is short.
The music won't last.

When you run so fast to get somewhere
You miss half the fun of getting there.
When you worry and hurry through your day.
It is like an unopened gift ..........
Thrown away.
Life is not a race.
Do take it slower.
Hear the music
Before the song is over.
မင်္ဂလာပါ

ဖြူစင်လေး ဘလော့ဒ်မှာ အားလုံး ပျော်ရအောင်နော်