2010年7月14日水曜日

ဟဲ့ ဘူတ ... ဘူတ

တိုကျိုမြို့ကြီးကို ကြည့်လိုက်ပါ ... များပြားလှတဲ့ လူတွေ ... ၂ မိနစ် တစ်စီးဆိုက်ရောက်နေတဲ့ မြို့ပတ်ရထားကြီးဟာလည်း လူပေါင်း ၂၀၀၀ လောက်ကို တင်ဆောင်လို့ အလုအယက်ပြေးလွှားနေလေရဲ့ ... မော်ဒယ်ဂဲလ် လို လှပနေတဲ့ လှပျိုဖြူလေးတွေလဲ
အိုလံပစ် ပြိုင်ပွဲ ၀င်နေသည့်အလား ပြေးလွှားနေတယ် ...
ဒီနေ့ ကျောင်းတုန်းက သူငယ်ချင်း ( အဲ အခုတော့ ဆရာမပေါ့ဗျာ ... ကျောင်းတော်ကြီးမှာ ) ပညာတော်သင်ရောက်လာတဲ့
သူငယ်ချင်းကို ခေါ်ဆောင်လို့ ကျနော်တို့ သူငယ်ချင်းတွေ လျောက်လည်ဖြစ်ကြတယ် ... ခွဲခွာတာကြာပြီဖြစ်နေပေမယ့် မပြောင်းလဲ
တဲ့ ခေါ်ဝေါ်မှူ . ပွင့်လင်းတဲ့ ပြောဆိုမှူတွေက သူငယ်ချင်းတွေအကြား ကျောင်းတုန်းကအလား နွေးထွေးနေဆဲပါ ...
နေ့တိုင်း တောင်ကြီးတန်ဆောင်တိုင်ဖြစ်နေတဲ့ တိုကျိုမြို့ဟာ ကျနော်တို့ အတွက် အသားကျနေပေမယ့် အခုရောက်လာတဲ့ သူငယ်ချင်းအတွက်တော့ မြင်သမျှ စိတ်လှုပ်ရှားစရာတွေပဲလေ ...မပြေးရုံတမယ် လှုပ်ရှားနေတဲ့ ခြေလှမ်းတွေလဲ အတူတူပေါ့
ဒီလိုနဲ့ လူစည်ကားတဲ့ ဘူတာတစ်ခုမှာ ကျနော်တို့ ဆင်းလိုက်ကြတယ် ...
( ဟဲ့ ဘူတ.... ဘူတ ... ငါ့ကိုစောင့်ဦးလေ ) ပြောလိုက်တဲ့ သူငယ်ချင်းရဲ့ စကားတစ်ခွန်း
လှုပ်ရှားနေတဲ့ လူတွေကြား မီးကို ရေနိုင်သွားသလို ၃ စက္ကန့်လောက် ငြိမ်သက်သွားတယ် ... လူတွေအားလုံး အလန့်တကြား
ဘေးဘီဘင်ကို ကြည့်လို့ ခဏတာမျှငြိမ်သက်သွားကြတယ် ... အံ့သြတဲ့ မျက်နှာနဲ့ ရှာဖွေနေတဲ့ မျက်လုံးပေါင်းများစွာကောပေါ့
... ဘာမှတော့ မဟုတ်ပါဘူး .. ကျောင်းတုန်းက သူငယ်ချင်းတွေအကြားခေါ်ဝေါ်ခဲ့တဲ့ နံမည်လေးပါ
ဝတဲ့လူကို ဘူတ တဲ့ .. စကားများတဲ့ လူကို ချာဘဲရိ တဲ့ ...
အခုလဲ ဘူတ ဆိုတာက ဂျပန်လို ” ၀က် ” တဲ့ဗျာ

0 件のコメント:

コメントを投稿