2010年7月14日水曜日

ကျောင်းတုန်းက ဆရာမ

အမြဲတမ်း ကျောင်းနောက်ကျတဲ့ ကျနော်တို့ အဖွဲ့ကို ဆရာတွေအားလုံးက ဘေးမဲ့ ပေးထားကြတယ် ... ကျောင်းတော်ကြီး နဲ့ အတူ မွေးဖွားလာတဲ့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ မှာ အားကျစရာ စီနီယာဆိုတာလဲ ကျနော်တို့ပဲလေ ... အခုလဲ ထုံးစံအတိုင်း ယူနီစန် အပြန်ခရီး ကျောင်းတော်ကြီး ဆီကို ကျနော်တို့ အဖွဲ့ ချီတက်လာကြတယ် ... အတန်းစတာ ၁၀ မိနစ်လောက် အကြာမှာ အခန်းဝကိုရောက်ခဲ့ကြတာပေါ့ ...
ဝင်ခွင့်ပြုပါ ဆရာမ .... ဆရာမ က ခွင့်ပေးလိုက်တယ် ... ဒါပေမယ့် နောက်ကျတဲ့ ကျနော်တို့ကို သိပ်မကြည်ဘူးပေါ့ဗျာ ... ဒါနဲ့ ပြောရဦးမယ် အခု သင်တဲ့ ဆရာမက အသစ်ဗျ ... ဒီနေ့မှ ဒီအတန်းကို စ၀င်တာ ...ကျနော်တို့ကတော့ ဒုတိယနှစ် ( အတန်းအကြီးဆုံး) ကျောင်းသားကြီးတွေပေါ့ဗျာ ...
ဆရာမက သူမရဲ့ မကြည်လင်မှူတွေကို ကြာကြာမထိန်းချုပ်ပဲ ဖောက်ထွက်လိုက်တယ် ... မင်းတို့ ဘာလို့ ကျောင်းနောက်ကျတာလဲ .... မင်းတို့ နေတဲ့ အဆောင်တွေက ကျောင်းနဲ့ လမ်းလျောက်ရင်တောင် ၁၀ မိနစ်ကြာတာမဟုတ်ဘူး ..... တကယ်လဲ ဟုတ်ပါတယ် ကျောင်းဆောင်မပေးတော့ပေမယ့် မန္တလေး တက္ကသိုလ်
တ၀ိုက်မှာပဲ ကျောင်းသားတွေ နေနေကြတာ ဆရာ . ဆရာမတွေ သိနေတာကိုး ... ... ....
ဆရာမက ဆက်ပြောတယ် ... ဆရာမဆို စစ်ကိုင်းကနေတောင် လာရတာ ... အတန်းအချိန်မှီအောင် မနေ့ညက အစ မနက်အဆုံး သူမရဲ့ ပြင်ဆင်ခဲ့ပုံတွေနဲ့ ခိုင်းနှိုင်းပြောတာပေါ့ ... ... ....
တချိန်လုံး ငြိမ်နေခဲ့ရတဲ့ ကျနော်တို့ ဆရာမရဲ့ စကားအဆုံးမှာတော့ မေးခွန်းထုတ်ခဲ့မိတယ်
ဆရာမ စစ်ကိုင်း ကနေ ဘာနဲ့လာတာလဲ .... လမ်းလျောက်လာတာ မဟုတ်ဘူးလား
စစ်ကိုင်းကနေ ကားနဲ့လာတာပေါ့ .... ကားဆိုတော့ လမ်းလျောက်တာထက်မြန်တာပေါ့နော်
ကျနော်တို့က လမ်းလျောက်လာတာလေ ....
မထင်မှတ်တဲ့ ကျနော်တို့ စကားတခွန်းကြောင့် ကျောင်းသားများ အားလုံးရယ်ဖြစ်ကြသလို ... ပထမဆုံးနေ့ အတန်းစ၀င်တဲ့ ဆရာမလေးလဲ လိုက်လို့ရယ်ဖြစ်တယ်
ဘာပဲ ပြောပြော ............... ကျနော်တို့ကို နားလည်ပေးတဲ့ ချစ်စရာကောင်းတဲ့ ကျောင်းတုန်းက ကျနော်တို့ရဲ့ ဆရာမပါ

1 件のコメント: